ငါ့ဘဝ

လှပတဲ့ နံနက်ခင်းမှာ
တက်ကြွစွာနိုးထခဲ့ပေမယ့်
မုန်တိုင်းဆန်ဆန် ရိုက်ခတ်တဲ့
ကံကြမ္မာအရိုင်းတွေကြောင့်
နှစ်ရာတန် အပြဲလေး လက်မှာကိုင်ရင်း
သူနဲ့ကျွန်တော်
အပြင်းအထန် လှော်ခတ်ခဲ့ဖူးတယ်

ကျွန်တော်ကြိုးစားခဲ့ပါတယ် ဘဝရယ်

အအိပ်ပျက် အစားပျက် နဲ့ ဘဝမပျက်အောင် ကြိုးစားခဲ့ရတယ်

ငါ့ဘဝမှာ
ငါ့အဖေက ဗိသုကာ

ငါကပန်းရံဆရာ

ငါ့သမီးက အရာရာပိုင်ဆိုင်သူပေါ့

ဟိုတစ်ချိန် က
ငါ့အဖေကြိုးစားခဲ့တာ
ဒီအချိန်မှာ
ငါအသိအမှတ်ပြုခဲ့ရပြီ

ဒီအချိန်
ငါကြိုးစားတာ
နောင်တစ်ချိန်
ငါ့သမီး ကြေနပ်နိုင်ပါ့မလား

နှောင်းဝဿန် ဆိုတဲ့ငါ
ဆက်လှမ်းနေအုံးမယ်
ဘဝကြီးရေ
...

အမားသို့ပေးစာ

သို့


အမား သတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ် ။
ဒီနေ့ ကုလားတို့စက်ရုံက ဗီယက်နမ်ကောင်လေးတစ်ယောက် အိမ်ပြန်ပြီတဲ့ ။ ကုလား ဝမ်းသာသွားတယ် ။ ဘာလို့မှန်းတော့မသိဘူး သူငယ်ချင်းတွေ အိမ်ပြန်တယ်ကြားရင် အရမ်းဝမ်းသာတာပဲ ။ ကုလားလည်းပြန်ချင်တာပေါ့ ။ ကုလားပြန်မယ်ဆိုပြီး ပိုက်ဆံစုလိုက် ဟော ကျောင်းတွေဖွင့်ပြီဆိုပြီး အမားက ညီလေးတွေကျောင်းအပ်ဖို့ ဆိုပြီး ပိုက်ဆံလှမ်းတောင်းလိုက် နဲ့ ဘဲစားဘဲခြေပဲ ။နောက်ပြန်စု လိုက် ဟော ညီလေးက အနဲ ကျောပိုးအိတ်လေးဝယ်ပေးပါ ။ ဟိုဟာလေးဝယ်ပေးပါ ဒီဟာလေးဝယ်ပေးပါနဲ့ ဟော ပါနီတွေက ထွက်သွားပြန်ရော......

ဒါနဲ့ပဲကျာင်းအပ်တဲ့ရာသီချိန်လေးကုန်သွားလိုက် .... ပိုက်ဆံပြန်စု ပြန်တော့မယ်ပေါ့ ။ ဒါပေမယ့် သီတင်းကျွတ်ရောက် ဝါဆိုရောက် ကထိန်ရောက် နဲ့ ပို့လိုက်ရတဲ့ပါနီတွေဗျာ........
ကုလား ရေတွေခပ်တယ်နော် ကုလားလက်နဲနဲ ဆေးတယ် ။နဲနဲပဲဆေးတာပါ ။ ဒါပေမယ့် ပါနီကအကုန်မြန်တယ် ။ ကုန်သွားတယ်ဗျာ ။ ကုလားလက်လည်း ဖြူမလာဘူး .....။ ခက်တယ် အမားတို့ရယ် ...။

တစ်ရက် ကုလားကို တရုတ်သူငယ်ချင်းတစ်ယောက်ကမေးတယ် ။မင်းကိုရီးယားမှာ ဘယ်လောက်ကြာပြီလည်းတဲ့ ... ကုလားက ၄နှစ်ကြာပြီပေါ့ ။ သူကပြောတယ် မင်းဘာတွေဝယ်ပြီးသွားပြီလည်းတဲ့ . ။ ကုလားလေ မျက်လုံးလေးကလယ် ကလယ်နဲ့ ဘာပြောရမှန်းကိုမသိဘူး ။ သူက သူ့ဖုန်းထဲက ဓါတ်ပုံလေးတွေထုတ်ပြတယ် ။ သူဝယ်ထားတဲ့အိမ်ပေါ့ ။ ဟိုက်ရှားပါးအမားရေ ။ သူဝယ်ထားတာ အပါတ်မန့်ဆိုတာမျိုးဗျ ။ အိမ်ကြီးကကောင်းလိုက်တာဗျာ ။ ကျွန်တော်ကပြောလိုက်တယ် ... သူငယ်ချင်းမင်းကသူဌေးပဲ လို့ ။ သူကပြောတယ် ဒါတွေဝယ်ချင်လို့ ဒီကိုလာတာလေတဲ့ ငါတို့နိင်ငံက ဈေးပေါပါတယ်တဲ့ ။ တီဗွီကြီးတွေ အိမ်အတွင်းအပြင်အဆင်တွေက ကျွန်တော်တို့ထက်သာတယ်အမား ။

ကျွန်တော်တို့ကတော့ လုပ်တာချင်းအတူတူ ရတာချင်းအတူတူ အမားရယ် နေရတာချင်းကကွာလိုက်တာ ။ ကျွန်တော်တို့ဆီင်္မှာက ဟောင်ကောင်စတိုင်လား စကာင်္ပူစတိုင်လားတော့မသိဘူး .... တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ စုပြုံနေရတာနော် ...။ဒါတောင်ဖုန်းဆက်ရင် ကံကောင်းတယ်လို့အမားတို့ကပြောသေးတယ် ........

ကုလားလေ သူငယ်ချင်းတွေကိုသတိရတိုင်းဖုန်းဆက်တယ် ။သူတို့ကမေးတယ်ကုလားကို နင်အဆင်ပြေလားပေါ့..။ကုလားလည်းပြေတယ်ပဲပြောရတာပေါ့ ...မပြေဘူးပြောရင် ဘုမသိဘမသိနဲ့ လက်ကြောမှမတင်းတာတို့ အပျင်းကြီးတာကိုးတို့ အစထဲကထင်သားပဲ ဘယ်သွားသွားအဆင်ပြေမယ့်သူမဟုတ်ပါဘူးလို့ဆိုပြီးအတင်းပြောကြမယ်...ဟောပြေတယ်လို့လည်းပြောလိုက်ရောသူတို့ကပြောတယ် နင်ကံကောင်းလိုက်တာတဲ့....။ကုလားစဉ်းစားတယ်သိလား ... ကံကဘယ်လိုကောင်းတာလည်းပေါ့........သူများနိင်ငံကိုရောက်လို့ကံကောင်းတာလား......ပိုက်ဆံရလို့ကံကောင်းတာလား အနေအထိုင်ကောင်းတယ်ဆိုပြီးကံကောင်းတာလား ဘယ်လိုကောင်းတဲ့ကံလည်းစဉ်းစားကြည့်တယ် .....

ကုလားလည်း သံယောဇဉ်ရှိတာပဲ ကိုယ့်နိင်ငံမှာကိုယ်ပျော်ချင်တာပေါ့ အခုတော့သူများနိင်ငံမှာ ရေမတူ မြေမတူ အကျင့်မတူသူတွေကြားထဲမှာနေရတာ အရိပ်ကို သုံးပါးတောင်မကဘူး အပါး၂၀လောက်ကြည့်နေရတယ် ဒါဆို ဒါကံကောင်းတာမဟုတ်ဘူး .....

ိပိုက်ဆံရလို့ကံကောင်းတာလားဆိုတော့လည်း ပိုက်ဆံကတော့ရတာပေါ့ ဒါပေမယ့် သူ့အိုးသူ့ဆန်တန်ရုံပါပဲ ....ကုလား အိန္ဒိယမှာ ဒန်အိုးဒန်ခွက်ရောင်းတယ်နော် ရတဲ့ပိုက်ဆံ ချပါတီတစ်ပွဲ ကောင်းကောင်းဆွဲလို့ရတယ် ဟုတ်တယ်လေ တစ်နေ့ ၁၀၀၀ ရရင် ချပါတီက ၃၀၀ လောက်ပဲပေးရတာကိုး အခုဒီမှာ တစ်နေ့ ၃၀၀၀၀ လောက်ရတယ်နော် ထမင်းတစ်ပွဲကောင်းကောင်းမဆွဲရဲဘူးအမား
....ထမင်းတစ်ခါစား ၅၀၀၀ ရှိတယ် သုံးနပ်စားရင် ၁၅၀၀၀၀ ပဲ ။အမားတို့ဆီကိုပို့ချင်တော့ ခေါက်ဆွဲလေးစားလိုက် ရေလေးသောက် လိုက်နဲ့ စုရတယ်အမားရယ် ...အမိမြေမှာလို ကွမ်းလေးစားလိုက် အရက်လေးသောက်လိုက်ဆေးလိပ်လေးသောက်လိုက်လုပ်နေရင်
တစ်လရတာတစ်လကုန်တာပဲအမား .... ဒါဆိုဒါလည်းကံကောင်းတာမှမဟုတ်တာ ... ဒါလည်းကံမကောင်းဘူးအမား....

အနေအထိုင်ကောင်းလို့လားဆိုတော့အမားရယ် ....ကုလားတို့နိင်ငံနော် ကုလားနေတယ် အိမ်နဲ့ကားနဲ့ပါ .. ဒီမှာနေတယ်နော် အမား
စက်ရုံဘေးကအဖီလေးတို့ ကုန်သေတ္တာပုန်းတို့ဆိုတာတွေနဲ့အမား ..ဆောင်းရောက်ရင်နော် အရမ်းအေးတယ် နွေရောက်တယ်နော် ကုလား အရမ်းပူတယ်အမား ... အေးပါတယ်ဆိုပြီး ဟီတာဖွင့် ဆီဖိုးနဲ့ လျှပ်စစ်ဖိုးနဲ့ပါနီကထွက်ပြန်ရော......ဒီတော့ဆောင်လေးခြုံ ကိုယ်လေးကွေး ဟိုတွေးဒီတွေးနဲ့ အိပ်ရပါရောလား ဒါဆို အနေအထိုင်ကြောင့်လည်းကံမကောင်းဘူးပေါ့.....

ဒါဆိုဘာလို့မပြန်လည်းကုလားကိုမေးမယ် ။ ကုလားလည်းပြန်ချင်တာပေါ့ ။ ဒီမှာတစ်လ ၁၀ သိန်းလောက်ရလို့ ကုလားတို့တိုင်းပြည်မှာ တစ်လ ၂ သိန်းလောက်ပဲရ ကုလား ဒုန်းဆိုင်းပြီးကိုပြန်မှာ... ဒါပေမယ့်အမားရယ် ကုလားလေ စဉ်းစားတယ်သိလား ဒီမှာ ၁၀ သိန်းရတာက ဘာအောင်လက်မှတ်မှမလိုဘူး... အလုပ်လုပ်နိင်ရင်ရတယ်ဗျာ ကုလားတို့ အိန္ဒိယမှာ ၂သိန်းလောက် ရဖို့က အင်္ဂလိပ်စာကျွမ်းကျင်ရမယ်တို့ LCCI အောင်ရမယ်တို့ အသက်ငယ်ရမယ်တို့ ဘာတို့ညာတို့နဲ့ဗျ......
ကုလားနော် ဒီမှာခေါက်ဆွဲစားတယ် အလုပ်လုပ်တယ် ပိုက်ဆံရတယ် ခေါင်းမရှုပ်ဘူး။ အိန္ဒိယမှာနော် မုန့်ဟင်းခါးကိုငရုတ်သီးစပ်စပ်လေးထည့်စား ပြီးအလုပ်လုပ်ပါဆိုလုပ်နိင်တာပေါ့ ... ဒါပေမယ့်နော် ဒီမှာခေါက်ဆွဲဖိုးရှာဖို့မခက်ပေမယ့်
ဟိုမှာမုန့်ဟင်းခါးဖိုးရှာရခက်တာကုလားသိနေတယ် ခေါင်းကိုရှင်းလို့မရအောင်ရှုပ်ပြီးနေမှာ ကုလားသိနေဒယ်

ကုလားစဉ်းစားကြည့်တယ် လုပ်ရတာခြင်းအတူတူ စားရတာခြင်းအတူတူ ဘာလို့ ပြန်လို့မရတာလည်းလို့ ။အဖြေကထွက်မလာဘူးအမားရယ် ။ ဒါနဲ့ပဲကံမကောင်းလို့နေမှာပါဆိုပြီးနောက်ဆုံးတော့ကုလားလေ အမြဲတမ်းကောင်းကင်ကိုမော့မော့ကြည့်မိတယ်.... ရင်နှီးသူတွေကမေးကြတယ်ကုလားကို လွမ်းနေလို့လား လေယဉ်ပျံမြင်ရင် ပြန်ချင်လို့လား ဘာလားပေါ့ ... ကုလားပြုံးပြနေလိုက်တယ် ....တစ်ကယ်တော့ ဒီလိုဘယ်ဟုတ်မလည်းအမားရယ် ကောင်းကင်ပေါ်ကနတ်ဘုရားတွေကုလားကိုမြင်မလားဆိုပြီးကြည့်နေတာပါ ....သူတို့မြင်သွားလို့ကုလားကို ကံကောင်းပါစေလို့ဖန်တီးပေးလိုက်ရင် ကုလား ပြန်လို့ရပြီလို့ယုံကြည်တယ်အမား ... ဒါကြောင့်လည်း သူတို့မြင်အောင်ဆိုပြီးလေ
ဆောင်းထားတဲ့ဦးထုပ်ပေါ်မှာ အလံလေးတောင်တင်ထားသေးတယ် .....

ဒါပေမယ့်လည်းအမားရေ နတ်ဒေဝါတွေမမြင်သရွေ့တော့ ကုလားခေါက်ဆွဲစားနေရအုံးမယ်ထင်ပါတယ် ... အော်ဘာလိုလိုနဲ့ ညီလေးတွေကျောင်းဖွင့်ချိန်တောင်နီးလာပြန်ပြီနော် ....ကုလား ရှိတဲ့ပါနီလေးတွေ ပို့လိုက်မယ်အမားရေ ...အမားတို့အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်

အမားကိုချစ်တဲ့
သား


နှောင်းဝဿန်

ဘီလူးစောင့်တဲ့ မြို့

မြို့လေးတစ်မြို့ ……ဘီလူးတစ်ကောင်စောင့်တယ်တဲ့ …. ဘီလူးကိုတော့ကြောက်တယ်ဗျာ..ဒါပေမယ့်ဘီလူးကိုတွေ့ဖူးချင်လို့ မြို့လေးကိုသွားလည်မယ်လို့ ဆုံးဖြတ်လိုက်တယ်… တားတဲ့သူတွေကဝိုင်းတားကြတယ် …ဒါပေမယ့်သူတို့မျက်နှာတွေက ပြန်လာရင်တော့သူတို့ကို ပြန်ပြောပြပါဆိုတဲ့ ပုံစံမျိုးတွေနဲ့…….
ကောင်လေး မင်းကိုလှိုက်လှည်းစွာကြိုဆိုပါ၏တဲ့ ။ ဆိုင်းဘုတ်ကြီးကလှမ်းပြောတာပါ …သူ့ပုံစံက စားသောက်ဆိုင်က ဧည့်ကြိုပုံစံလေးပါ…ကျွန်တော်ကလည်းသူ့ကိုခပ်တည်တည်ပဲပြန်ကြည့်လိုက်တယ်…စိတ်ထဲမှာတော့ပြန်ရင် ဘောနပ်စ်ပေးရအုံးမယ်လို့ တွေလိုက်မိလေရဲ့………………
မြို့အဝင် သစ်ပင်ကြီးအောက်မှာ ကလေးတွေကစားနေကြတယ်ဗျာ…. ၄နှစ်၅နှစ်သားတွေပါ …သူတို့ကစားတာကထူးဆန်းနေလို့ ခဏရပ်ကြည့်နေမိတယ်……ကောင်လေးကကောင်မလေးကို မေးတယ် …………မောင့်ကိုချစ်လားတဲ့…….ကောင်မလေးက သူ့ကိုပြန်ဖြေတယ်…..အရမ်းချစ်တယ်မောင်ရယ်တဲ့ …ကျွန်တော်အံသြသွားတယ်….ဒီအရွယ်လေးတွေကဗျာ…….သူတို့ဆက်ပြောမယ်ကြံပြီးမှ ကျွန်တော့်ကိုတွေ့သွားတယ်…… ကောင်လေးက ကျွန်တော့ကို လှည့်ကြည့်ပြီး အတွဲလာမချောင်းနဲ့ ကိုယ့်လူ …ကိုယ့်ဘာသာကိုကြိုးစားတဲ့ …ကျွန်တော်လည်းတော်တော်လေးကိုစိတ်ဆိုးသွားတယ် …ဒါပေမယ့် ကလေးတွေနဲ့ ရန်မဖြစ်ချင်လို့ လှည့်ထွက်လာလိုက်တယ်….လူကြီးတွေတော့ဘယ်လိုနေမယ်မသိဘူး….
ခလေးတွေကတော့လက်စွမ်းပြနေပြီလို့တွေးလိုက်မိပါရဲ့
ဒီလိုနဲ့လမ်းဆက်လျှောက်လိုက်တာ ကြီးမားတဲ့ ဓမ္မာရုံတစ်ခုနားရောက်လာတယ် အထဲမှာလည်း လူကြီးတွေ အများကြီးပဲဗျ… သူတို့တရားဆွေးနွေးနေတာ ကိုခဏ ရပ်နားထောင်နေလိုက်တော့.....
ဟစ်တလာကတော့ဗျာ
ဟိုနိင်ငံ ကဒီလိုဗျို့
ကူဖီအာနန်က အသားမည်းတယ်နော်
တက်သစ်စမင်းသမီးလေးအကြောင်းသိပြီးပြီလား ကျောင်းဒကာရေတဲ့…....သြော် ...ဒုက္ခ ဒုက္ခ
ဘာမှကိုနားမလည်လိုက်ပါဘူး…..ဒီလိုငေးကြည့်နေတုန်း ရှေ့မှာ ဘွားခနဲ့ဆို နတ်တစ်ပါးပေါ်လာတယ် …ကျွန်တော်လန့်သွားတာပဲ…သူကပြုံးပြုံးလေးကြည့် ရင်းနှတ်ဆက်တယ်
မလန့်ပါနဲ့ကွ….ငါက ဒုတိယလက်ထောက် ဓမ္မာရုံစောင့်နတ်ပါ
ဟင်….ဓမ္မာရုံစောင့်နတ်က ဘယ်နှစ်ပါးတောင်လည်း
ကုသိုလ်ကောင်းမှူလုပ်တဲ့သူတွေများလာလို့ ဘုံဗိမ္မာန်ပေးဖို့ကနေရာမရှိတော့ဘူးလေ
ဒါကြောင့် ငါတို့ဓမ္မာရုံမှာတင် ဓမ္မာရူံစောင့်နတ် ရာထူး ၁၀ ခုနဲ့ နတ် ၁၀ ပါးရှိတယ်ကွ
အမှန်ဆို ငါက ဓမ္မာရုံစောင့်နတ်ကြီးဖြစ်သင့်တာပါကွာတဲ့…သူ့မျက်နှာက တစ်ခုခုကို မကြေနပ်နေသလိုပါပဲ…ကျွန်တော်ကစကားဖြတ်တဲ့အနေနဲ့မေးလိုက်တယ်
ဒါဆိုတခြားနတ်မင်းတွေကရောဗျာ
ရှိတယ်ကွ …. သူတို့တွေ ဖဲရိုက်နေလို့
ဗျာ………………………………………………………………..
………………………………………။…………………………………………………..
ကျွန်တော် အသာလေးလစ်ထွက်လာခဲ့ရတယ်….သူ့ပုံစံက ၃၁ဘုံရှိသမျှနတ်တွေအကြောင်း အကုန်ပြောပြမယ့်ပုံစံမျိုး… တော်တော်လေးလျှောက်လာတော့ ဈေးတန်းတစ်ခုကိုတွေ့လေရဲ့ ………………..
ငါးဝယ်နေတဲ့သူနဲ့ငါးရောင်းနေတဲ့သူအပြန်အလှန်စကားပြောနေတာကိုနားထောင်မိလိုက်တယ်…
ငါးရောင်းနေတဲ့မိန်းမကြီး က အလေးသေးသေးလေးတစ်တုန်း ကိုကိုင် ပြီး ပြောနေတယ် တစ်ပိဿာ အပြည့်ပါတယ် အလေးမခိုးပါဘူးနဲ့ …ဝယ်တဲ့မိန်းမကလည်း ငါးဆယ်ကောင်လောက်ကိုကိုင်ပြီးပြောနေတယ် … ဒါလေးတော့အဆစ်ပေးပါ…အဆစ်ထည့်ပေးပါနဲ့
သူတို့ပြောပုံက စာအုပ်ထဲက သင်ရိုးညွှန်းတမ်းတွေကို အလွတ်ကျက်ထား တဲ့ ကျောင်းသားတွေလိုပါပဲ….
ဈေးသည်မကြီးက ကျွန်တော့်ကို တွေ့သွားပြီး လှမ်းမေးတယ် ကောင်လေး ငါးတွေဝယ်သွားအုံးမလားတဲ့ …အလေးပြည့်တယ် အဆစ်တွေအများကြီးပေးမယ်တဲ့ ….ကျွန်တော်က ခေါင်းခါပြလိုက်တယ် ဟုတ်တယ်လေ ကွမ်းသီးလုံးလောက် အလေးနဲ့ တစ်ပိဿာ ပြောရောင်းနေတာ ကို ဘယ်လို အဆစ်ပေးအုံးမှာလည်းလို့ စိတ်ထဲမှာတွေးမိနေပါရဲ့….

ဒီလိုနဲ့ ဈေးကိုကျော်လာပြီး မြို့ထဲကို လျှောက်နေမိတယ်ဗျာ … မြို့ လေးမှာကြေငြာဆိုင်းဘုတ်တွေအများကြီးပဲ …
ဆရာ ဂုရု မတတ်မချင်းရိုက်သင်သည်
ဆရာ ပေါက်စ တပည့်များနှင့်ပျော်ရွှင်စွာ ပေါင်းသင်းသည်
ဟိုတယ်မှထမင်းများမှာကြွေးမည် … မေးခွန်းထုတ်ပေးမည် စတာတွေပဲများတယ်ဗျာ
ဗေဒင်ကြေငြာတွေကလည်းအများကြီးပဲ
ဇာတာစစ်ပေးသည် ..ယတြာခြေပေးသည် တစ်ကိုယ်လုံးစစ်ပေးသည် စုံနေတာပဲ….
လိုက်ကြည့်နေရင်းနဲ့ ဗိုက်ကဆာလာတာနဲ့ ဆိုင်ကြီးကြီးတစ်ဆိုင်ကိုဝင်ထိုင်လိုက်တယ်ဗျာ
ဆိုင်ကြီးကတော်တော်ခန်းနားတာပါ … ကောင်မလေးတွေက အတင်းထွက်ကြိုကြတယ် ဗျ……..
ဆိုင်ထဲမှာလည်း စတိတ်စဉ်ပေါ်မှာ ကောင်မလေးတွေသီချင်းဆိုပြီးဖျော်ဖြေနေတာ ဗျာ မြိုင်ဆိုင်နေတာပဲ ….

ဝိတ်တာလေးတစ်ယောက်ကအနားတိုးလာပြီးမေးတယ် .. ဆရာဘာသုံးဆောင်မလည်းတဲ့ ကျွန်တော်လည်း ထမင်းကြော်တစ်ပွဲမှာလိုက်တယ် …….သူက menu စာအုပ်အကြီးကြီး ပေးတယ်ဗျ .. အထဲမှာ ထမင်းကြော်နာမည်တွေအများကြီးပဲ ….အမေရိကန်ထမင်းကြော် .. ပီကင်းထမင်းကြော် …
အိန္ဒိယ မှ ဘာဘူကြီးကြော်သော ထမင်းကြော် ..အများကြီးပဲဗျ …ကျွန်တော်မြန်မာထမင်းကြော်မှာလိုက်တော့မရှိဘူးဗျာ….ဒါနဲ့ပဲအဆင်ပြေတာလေးချပေးပါလို့မှာလိုက်ရတယ်

…စတိတ်စဉ်ပေါ်ကကောင်မလေးတွေကတော့ဗျာ ငါ့အသည်းကိုမြန်မြန်ခွဲပါ .. ပန်းကုံးတွေများများစွပ်ပါဆိုတာတွေကို အပြိုင်အဆိုင် အော်နေကြတယ် ဗျ…..ခဏကြာတော့မှာထားတဲ့ ထမင်းကြော်ရောက်လာတယ်ဗျာ… ပန်းကန်လေးသေးသေးလေးမှာ အသားတုံးသေးသေးလေးနဲ့ လာချပေးသွားတယ်ဗျာ.. ပြီးတော့ ပန်းကုံးယူအုံးမလားဆရာတဲ့….ခေါင်းလေးခါပြလိုက်တော့လူကိုလှည့်တောင်မကြည့်တော့ဘူး…
ကျွန်တော်လည်းထမင်းကြော်ကို မြန်မြန်လေးစားရင် ဘေလ်တောင်းလိုက်တယ် ………….လင်ဗန်းကြီးထဲမျာဘေလ်တစ်ထပ်ကြီးကိုင်ပြီး စာပွဲထိုးလေးတစ်ယောက်က လာပေးတယ်ဗျာ .. ကျွန်တော် မျက်လုံးပြူးသွားတယ် ထမင်းကြော်တစ်ပွဲကို ဂဏာန်း ၅ လုံးပေးလိုက်ရတယ်….ပြီးတော့ ထမင်းကြော်က အိမ်က ထမင်းဆီဆမ်းလောက်တောင်မကောင်းဘူး…သြော်သူ့မြို့ပဲ …ဘာမှမပြောတော့ပါဘူး ကျသမျှကိုထုတ်ပေးလိုက်ပါတယ် .. ဆိုင်ထဲမှာတော့ မမြင်ရတဲ့ အငွေ့တွေ ပြည့်နှက်နေလို့…မှော်ဆရာတစ်ယောက်ရဲ့ရယ် သံကိုလည်းသဲ့သဲ့ ကြားလိုက်မိပါရဲ့
ဆိုင်အပြင်ထွက်လိုက်တော့ ဘူဇွာရုပ်ပေါက်နေတဲ့ ဗိုက်ရွဲရွဲ လူဝကြီးတစ်ယောက်က သူ့ဘေးနားကကောင်မလေးတစ်ယောက်ကို ပြောနေတာ နားစွန်နားဖျားကြားလိုက်ရတယ် ..ဒီမြို့မှာမင်းတို့ဆိုင်ကအရသာအရှိဆုံးပဲတဲ့…..
ကျွန်တော်လည်းစိတ်ရှုပ်တာနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ် …ဒီလိုနဲ့ စောစော ကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားရောက်လာတယ်….ဆိုင်းဘုတ်နားမှာ ထူးခြားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ…..ဆိုင်းဘုတ် ကြီးနဲ့စကားပြောနေတာ…သူ့ကိုမြင်တော့ဘီလူးဆိုတာကိုသိလိုက်တယ်….ဒါနဲ့မေးလိုက်တယ်ဗျာ ….ခင်ဗျားမြို့ထဲမှာမစောင့်ပဲ ဒီမှာဘာလုပ်နေတာလည်းလို့…..သူကစိတ်ပျက်တဲ့လေသံလေးနဲ့ပြန်ပြောတယ် ဗျာ…မြို့ထဲကလူတွေကိုကြောက်လို့ အပြင်မှာထွက်ရှောင်နေတာပါတဲ့………ကျွန်တော်သူ့ကိုနားလည်ပေးလိုက်ပါတယ်………………………
ဆိုင်းဘုတ်ကြီးကကျွန်တော့်ကို လှမ်းပြောလိုက်တယ်…ကောင်လေးရေ နှတ်ခွန်းဆက်သပါ၏တဲ့……………………



{နှောင်းဝဿန်}
(ဆည်းဆာသံစဉ် ဘလောက့်လေးတွင် တင်ခဲ့သော ပို့စ်လေး အား အမှတ်တရ ပြန်ဖော်ပြလိုက်ပါသည်)

ချစ်ဖူးသူ

ချစ်ဦးသူမရှိခဲ့ပါဘူး..မေ
ရင်နှင့် ရင်းခဲ့သူမင်းကိုတော့……..

အနိင်မယူခဲ့ပါဘူး.. .အနိင်မကျင့်ခဲ့ပါဘူး..
မိုးစက်ပွင့်တွေသက်သေတည်ပြီး...
ကတိသစ္စာတည်ခဲ့ဖူးသူပါ...
ချစ်ဦးသူတစ်ယောက်
သိမှသိပါလေစ…………

မထားခဲ့ဖူးပါဘူး… မသွားခဲ့ဖူးပါဘူး..
နှစ်သိမ့်ခြင်းတွေရင်ဝယ်ပိုက်ပြီး
ချစ်နေခဲ့ဖူးသူပါ…
အပြစ်ဖွဲ့ခဲ့သူတစ်ယောက်
သိမှသိပါလေစ….

မမုန်းရက်ပါဘူး အပြုံးမပျက်ပါဘူး..
ဆုံးရှုံးမှူကိုထွေးပိုက်ပြီး
မျှော်လင့်ခြင်းနဲ့ လျှောက်လှမ်းနေသူပါ
ဘဝခရီးတစ်လျှောက်
ငါ မေ့ပျောက်လို့ ရမှရပါလေစ……ချစ်သူ
နှောင်းဝဿန်

မင်းမုန်းတဲ့အလွမ်အဆွေးကဗျာ

မျက်စိကိုမှိတ် နားကိုပိတ်ရင်း
မွန်းကျပ်နေတဲ့ စိတ်အစဉ်ရဲ့ 
ရင်ထဲကပေါ်က်ကွဲသံ အခို့ မှာ
နုင်းစက်တွေငိုခဲ့ ဖူးတယ်........
ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေက
ဘယ်သူမှဆေးဖော်ကြောဖက် မလုပ်လို့ 
အပြန်လမ်းမှာ ငါ့ပခုံးထက်
မှီလိုက်ပရစေ.......တဲ့ 
နူတ်မဆက်ပဲ ပြေးထွက်သွားသူကြောင့်
မိုးရွာတဲ့ ညလေးတွေမှာ ရွေ့ နေတဲ့စိတ်က
နိစ္စဓူဝလူပ်ရှားရုန်းကန်နေရတဲ့  နှလုံးသားတွေ......နဲ့ 
ကဗျာရေးတာဝါသနာပါတဲ့ငါဟာ
မင်းမုန်းတဲ့ အလွမ်း ၊ အဆွေး ကဗျာတွေရေးနေတုန်းပဲ.......ချစ်

သူ......။
ဝေမင်း
{သူငယ်ချင်း ဝေမင်းမှ မေတ္တာလက်ဆောင်ပေးအပ်တာပါ }

မျက်ရည်မြစ် ၁ ခုရဲ့ သမိုင်း

ရုတ်တရက်.....သတိရမိတာက
အရင်တစ်ချိန်ကအတိတ်ဟောင်း....
ရွက်ဟောင်းကြွေရွက်သစ်ဝေလည်း...

.
ဘယ်အချိန်ဘယ်လိုပဲကြည့် ကြည့်.......
တစ်ချိန်က....နှစ်ဦးသဘောတူ
စိုက်ထူခဲ့တဲ့မှတ်တိုင်လေးတစ်ခု
အခုချိန်တော့ခက်နက်နက် ဒဏ်ရာတစ်ခုအဖြစ်
သေရာပါအဖြစ်ထာဝရပေးခဲ့ရက်တယ်.......
အချိန်သာကုန်သွားတယ်.....
မှတ်တိုင်ဟောင်းတစ်ခုရဲ့ နဘေးမှာ....
ငါတစ်ယောက်ထဲ....
တစ်ချိန်ကမင်းမြတ်နိုးတဲ့အလွမ်းသီးချင်းကို...
ငါအခုထိ အထီးကျန်ညည်းဆိုဆဲ......
ငါ့ထက်ပေးဆပ်နိုင်တဲ့သူ
မင်းဆီမှာရှိတဲ့အချိန်......
ကံကောင်းခြင်းတောင်းဆုတစ်ခုပေးပြီး
ညနေခင်းနေ၀င်ချိန်နဲ့ အတူ.......
ငါ့ဘ၀ကိုစီရင်ချက်တစ်ခုချလိုက်တော့မယ်.......


ညဘက်ဆိုမအိပ်ရဲအောင်ပါ ......
အရပ်လေးမျက်နှာကကြယ်စင်တွေလှောင်ရီသံနဲ့ .....
အဝေးကမင်းရဲ့ မထီတရီ နဲ့ရိသဲသဲလုပ်သွားတဲ့...
မင်းရဲ့မျက်နှာနဲ့....ငါ့အသဲကိုဓားနဲ့ခွဲ ...
မျှော်လင့်ချက်တွေကိုနူးညံ့တဲ့မင်းလက်တစ်စုံနဲ့ ......
စုတ်ပြတ်သက်အောင်လုပ်ခဲ့တယ်....
မင်းတော်ပါတယ်
ဒဏ်ရာရ ငှက်တစ်ကောင်လို
ငါ့ဘဝမျှော်လင့်ချက်တွေပျက်စီးသွားတဲ့အချိန်ကနေစပြီး
အားလုံးဟာ ဆိတ်သုန်းပျောက်ကွယ်ခဲ့ ပြီ.....
အိမ်ပြန်တဲ့လမ်းတလျောက်မှာ
နက်ပြာရောင်ကောင်းကင်ဆီက
ငိုကျွေးခြင်းလား ရီမောခြင်း လားမသဲကွဲနိုင်တဲ့
အထိမ်းအမှတ်နဲ့ ကြယ်စင်တွေတစ်ဒိုင်းဒိုင်းကြွေကျနေတဲ့
အိမ်အပြန်လမ်းမှာ....၀မ်းနည်းစွာနဲ့ ငါလက်ခုပ်တီးပြီးအားပေးပါတယ်...........
မင်းလွင်ပြင် ....

{ သူငယ်ချင်း မင်းလွင်ပြင် ရဲ့ ကဗျာလေးပါ }

ရင်နင့်ဆုတောင်း


သခင်မရှိထင်၍
လှမ်းလင့် ယူမိသူပါ
နွမ်း နှင့်သူတစ်ယောက်အနေနဲ့
နှောင်းအဖြစ်တွေကိုတော့
မတောင်းပန်ချင်ဘူးမေ........

ရင်မှာဒဏ်ရာကိုယ်စီနဲ့မို့
ဝေဒနာတွေကိုအဖြေရှာကြည့်တော့
သေချာမသိတဲ့
ငါကိုယ်တိုင်ကအမှားလား...

မဖြစ်နိင်မှန်းသိရက်နဲ့
ဆုံဆည်းခွင့်ကိုပေးခဲ့တဲ့
ငါတို့တွေရဲ့
ကံကြမ္မာဆိုတာက အမှားလား...

ရင်ထဲကခံစားချက်ကို
ပုံရိပ်ဖော်အသက်သွင်းတော့
ရုပ်လုံးပေါ်လာတဲ့
ချစ်တယ်ဆိုတာကအမှားလား....။

အမှားတွေများလို့
အမှန်တရားတွေများ
ဖြစ်နေကြပြီလားမေ...

သေချာတာတစ်ခုက
ဘဝမှာမျက်ရည်စက်တွေကို
ပျားရည်ခွက်တွေလိုမတပ်မက်ခဲ့သူပါ...

ချစ်သူနဲ့သူငယ်ချင်း
သူငယ်ချင်းနဲ့သူရဲ့ချစ်သူ
အပြစ်မယူလိုပေမယ့်
ငါဟာလူပိုတစ်ယောက်....
ကွယ်ပျောက်ရမယ့်သူပေါ့...

မညာရက်ခဲ့ပါဘူး ချစ်သူ
ရင်ထဲမှာဝေဒနာတွေရှိပေမယ့်
အတိတ်မှာခြေရာတွေ မကျန်ခဲ့ချင်တာကြောင့်
လေညွှန်ရာလွှင့်ပါး လို့လိုက်သွားတယ်
သူငယ်ချင်းတို့ချစ်လမ်းခရီး
ပျော်ရွှင်မှူတွေပွင့်လန်းလို့
ပန်းပိတောက်တွေပွင့်ပါစေ........။
နှောင်းဝဿန်.......

သူငယ်ချင်းတွေ မအားတဲ့ကြားကအချိန်ပေးပြီးလာတာကို နှောင်းဝဿန် ဆိုတဲ့ ကျွန်တော် က ဘယ်တော့မှမမေ့ပါဘူး ။ ကျေးဇူးတင်ပါတယ် လို့ပြောရင်တောင်ကျွန်တော်က သူငယ်ချင်းတွေ စေတနာကို စော်ကားသလိုဖြစ်နေမလား မသိဘူး ။ကျွန်တော့် ရဲ့ ဘလောက်ခ့် လေးမှာ အသစ်အသစ်တွေ တင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ...။ကဗျာလေးတွေရော...ဝထ္ထု တိုလေးတွေပါ ရေးနိင်အောင် ကြိုးစားမှာပါ ॥။အချိန်က လိုအပ်သလောက် မရသေးလို့ မလုပ်ဖြစ်သေးတာပါ...။ရေးချင်တာတွေတော့ အများကြီးပါ॥။တကယ်လို့များ အသစ်တင်တာနှေးလို့ စိတ်ပျက်သွားကြမယ်ဆိုရင် ကျွန်တော် က အနူးအညွတ်တောင်းပန်ပါတယ် ...။နောက်ပိုင်း ကောင်းသထက်ကောင်းအောင် ကြိုးစားသွားပါမယ်လို့ ကျွန်တော်က ကတိပေးပါတယ် ॥။လိုအပ်တာများကိုလဲ အကြံဥာဏ်ပေးနိင်ပါတယ် ဗျာ॥။ပညာရှင်တစ်ယောက်မဟုတ် ပဲ ဝါသနာရှင် အဆင့်တစ်ယောက် ရဲ့ ခံစားချက်ကို နားလည်ပေးနိင်ကြပါစေလို့ ဆုတောင်းနေလျှက်
နှောင်းဝဿန်

အမိမြေမှာက

ကိုရီးယား အချိန်လေးပါ

သင်နှင့်အတူ

သူငယ်ချင်းတို့ ရဲ့ ရနံ့လေးတွေထားခဲ့ပါဗျာ