ကျေးဇူးပါသူငယ်ချင်း


အာရုဏ်လင်းလာလို့
နံနက်ခင်းလို့ခေါ်လေသလား.........။

ထင်ရာစိုင်းနေတဲ့ဘဝမှာ
ပြဿနာပေါင်းစုံနဲ့လေပြေညှင်း
တစ်စုံတရာမွတ်သိပ်ခြင်းနဲ့
သြော်......အပျော်ကမ္ဘာဆိုတာ
ငါဖော်လို့........။

လမင်းရေ
ပျော်ရွှင်စေဖို့ဖန်တီးသူပါ
သံစဉ်ပြောင်းလို့တီးခတ်မိတာက
အမုန်းတရားကောင်းကင်နဲ့
အရှုံးသမားရဲနှစ်သိမ့်တရား........။

လမ်းမရှိပဲလျှောက်ခဲ့လို့
ကောင်းကင် "နန်း" ပျောက်ခဲ့သူပါ
"ကမ်းမဲ့သူ" ပင်လယ်ခရီးမှာ
လှမ်းလင့်ကြည်ဖြူသူငယ်ချင်းကိုတော့
လွမ်းနှင့်သူတစ်ယောက်အဖြစ်
ငါ့ကမ္ဘာလေးဆုံးသည့်တိုင်
ကမ္ဗည်းတင်မယ်
လွမ်း............ဆိုမှ...........လွမ်း.......။
နှောင်းဝဿန်
{ ဘာလောက့်ခ်လေး အားအသက်ရှင်အောင်ကူညီပေးသူ သူငယ်ချင်းလေးအတွက်အမှတ်တရ }

ကြယ်ကြွေညတိုင်းဆုတောင်းနေမယ်ဗယ်လင်တိုင်း


ချစ်သူများနေ့တဲ့
အပြစ်ယူသွားသူကြောင့်
အသစ်မရှာချင်တော့ဘူးမေ.......။

ဟိုတစ်ချိန်ဆီက
ပျော်စရာကောင်းခဲ့တဲ့အင်းလျား
ချိုမြိန်တဲ့ချောကလက်
နူးညံ့တဲ့နှုတ်ခမ်းတစ်စုံ
နွေးထွေးတဲ့မင်းလက်ဖဝါးနဲ့
အရာအားလုံးဟာ
မှုန်ဝါးဝါးဖြစ်လို့.....။

တစ်ဆောင်းဟောင်းလို့
တစ်ဆောင်းပြောင်းခဲ့ပေမယ့်
နှောင်းအတိတ်ကို
ထပ်လောင်းသတိရနေတာ
မင်းကို
မပြောင်းလဲပဲချစ်နေလို့ပေါ့
ချစ်သူရယ်.........။

မောင်လို့ခေါ်ပြီး
ယောင်လို့တောင်လှည့်မကြည့်သူရေ
မင်းချစ်ခဲ့သူ
ရင်ထဲမှအပူတွေနဲ့
ဟိုတစ်ချိန်....ဟိုအတိတ်
တိုးတိတ်ဆွေးကာ
ဆုတောင်းနေတယ်
ပျော်ပါစေရင်ခွင်သစ်
အချစ်စစ်ဆိုရင်ပေါ့...။

နှောင်းဝဿန်

အမိမြေမှာက

ကိုရီးယား အချိန်လေးပါ

သင်နှင့်အတူ

သူငယ်ချင်းတို့ ရဲ့ ရနံ့လေးတွေထားခဲ့ပါဗျာ