ကျေးဇူးပါသူငယ်ချင်း


အာရုဏ်လင်းလာလို့
နံနက်ခင်းလို့ခေါ်လေသလား.........။

ထင်ရာစိုင်းနေတဲ့ဘဝမှာ
ပြဿနာပေါင်းစုံနဲ့လေပြေညှင်း
တစ်စုံတရာမွတ်သိပ်ခြင်းနဲ့
သြော်......အပျော်ကမ္ဘာဆိုတာ
ငါဖော်လို့........။

လမင်းရေ
ပျော်ရွှင်စေဖို့ဖန်တီးသူပါ
သံစဉ်ပြောင်းလို့တီးခတ်မိတာက
အမုန်းတရားကောင်းကင်နဲ့
အရှုံးသမားရဲနှစ်သိမ့်တရား........။

လမ်းမရှိပဲလျှောက်ခဲ့လို့
ကောင်းကင် "နန်း" ပျောက်ခဲ့သူပါ
"ကမ်းမဲ့သူ" ပင်လယ်ခရီးမှာ
လှမ်းလင့်ကြည်ဖြူသူငယ်ချင်းကိုတော့
လွမ်းနှင့်သူတစ်ယောက်အဖြစ်
ငါ့ကမ္ဘာလေးဆုံးသည့်တိုင်
ကမ္ဗည်းတင်မယ်
လွမ်း............ဆိုမှ...........လွမ်း.......။
နှောင်းဝဿန်
{ ဘာလောက့်ခ်လေး အားအသက်ရှင်အောင်ကူညီပေးသူ သူငယ်ချင်းလေးအတွက်အမှတ်တရ }

2 comments:

nhoungwatann February 27, 2009 at 6:49 AM  

ရပြီလာဒ

Unknown February 27, 2009 at 6:56 AM  

သူငယ်ချင်းအတွက်..... သူငယ်ချင်း

အမှတ်မထင်.. သဲ့သဲ့လေမှာ
မှတ်မှတ်ရရ .. ခင်မိသွားခဲ့
နင်မသိ.. ငါမသိ
ခင်မိရေစက် .. ရှေးကရေစက်။
...... သူငယ်ချင်းရေ....
တို့တတွေသိရတဲ့တလျှောက်
စိတ်ပျက်အနှောင့်..ငါကြောင့်
တစုံတရာဖြစ်ခဲ့မယ်ဆိုရင်
ပြုမိအလျောက် . တောင်ပန်ပါ၏
ငါတော့.....
မမုန်းလိုက်ပါနဲ့နော်

သူငယ်ချင်းကိုချစ်တဲ့..... CDR (or) AyAR (or) Bontaw :P

Post a Comment

အမိမြေမှာက

ကိုရီးယား အချိန်လေးပါ

သင်နှင့်အတူ

သူငယ်ချင်းတို့ ရဲ့ ရနံ့လေးတွေထားခဲ့ပါဗျာ