ဘဝဒဏ်


လျှပ်တံလက်နက်တွေနဲ့ကောင်းကင်
တစ္ဆေတစ်ကောင်ရူးသွပ်ခြင်းရဲ့ည
ခပ်ပါးပါးဘဝတစ်ထည်အောက်မှာ
ငါလူလားမြောက်ခဲ့ရတယ်......။

အဆိပ်သင့်မြှားမိုးတွေရွာ
မီးလျှံထနေတဲ့မြေပေါ်လျှောက်လို့
ဓါးထက်ထက်တောင်ကိုတက်
ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်......။

မျက်ရည်တွေနဲ့ပြည့်နေတဲ့ပင်လယ်
လိပ်ပြာတစ်ကောင်ငါခိုစီးလို့
ဘဝရဲ့လေ ပြင်းးဒဏ်ကိုလည်း
ခံစားခဲ့ဖူးပါရဲ့.....။

ခြောက်သွေ့တဲ့လောက
တမ်းတမှူတွေကိုအဖော်ပြုပြီး
ဘီလူးတစ်ကောင်ရဲ့မွတ်သိပ်မှူ
သစ်ငုတ်တိုရဲ့ တောင့်တမှူတွေနဲ့
မြေခွေးတွေရဲ့ ဂီတစည်းချက်မှာ
ခပ်ကြမ်းကြမ်း ကခုန်နေသူအတွက်တော့
ဟိုး................အဝေးက ဓမ္မသံစဉ်ဟာ
ကမ္ဘာကိုဖျက်မဲ့လှိုင်းတံပိုးပေါ့
ချစ်သူရယ်...........။
နှောင်းဝဿန်

0 comments:

Post a Comment

အမိမြေမှာက

ကိုရီးယား အချိန်လေးပါ

သင်နှင့်အတူ

သူငယ်ချင်းတို့ ရဲ့ ရနံ့လေးတွေထားခဲ့ပါဗျာ