မိုးသားတွေအုံ့မှိုင်းလို့
ရင်ခွင်တစ်ခုလုံး
စိုထိုင်းခဲ့ရပြီမေ....။

ဒဏ်ရာတွေနဲ့နှလုံးသား
ခပ်ဝါးဝါးအတိတ်တစ်ခု
အိမ်မက်ဆိုးတွေခြောက်လှန့်ပြီး
ပဉ္စလက်တို့ရဲ့ အစေခံ
ငါခံခဲ့ရဖူးသူပါ....။

ရှင်သန်ခြင်းကင်းမဲ့တဲ့
တစ္ဆေတစ်ကောင်ရဲ့ ညမှာ
ကောင်းကင်ရဲ့ ကြယ်စင် ဆိုတာ
ဘဝ အတွက် အလင်းဒဏ်ပါပဲ
ခပ်ဝါးဝါးမြင်လိုက်ရတာကတော့
ချစ်ခြင်းရဲ့ ပုံရိပ်ပေါ့....။

အသံတိတ်ဝင်လာပြီး
အသံတိတ်ပြန်ထွက်သွားသူရေ.....

ပြိုပျက်နေတဲ့ရင်ခွင်ကို
သခင်...ကြည်စားတော်မူရက်လို့
လောင်ကျွမ်းခြင်းနဲ့အဆုံးသတ်ခဲ့ရပြီ
နွေရာသီ အပြုံးပန်း
မင်းပွင့်လန်းနိင်ပါစေ....။
နှောင်းဝဿန်

0 comments:

Post a Comment

အမိမြေမှာက

ကိုရီးယား အချိန်လေးပါ

သင်နှင့်အတူ

သူငယ်ချင်းတို့ ရဲ့ ရနံ့လေးတွေထားခဲ့ပါဗျာ